လှိုင်းဘွဲ  ၅  ဩဂုတ်


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် ယနေ့ နံနက် ၈ နာရီက လုံးပတ်(၁၃)ပေ၊ အမြင့် (၆၀)ပေခန့်ရှိ ကုက္ကိုပင်လဲကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တစ်အိမ် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။


အဆိုပါ ကုက္ကိုပင် လဲကျမှုကြောင့် ရွာသစ်(၁)ရပ်ကွက် သံလွင်မြစ်ကမ်းဘေးရှိ ဦးကုလား၏ နေအိမ်မှ မိသားစု ကိုးဦးနှင့် အိမ်ထောင်ပစ္စည်းများအား ဆွေမျိုးတော်စပ်သူ ဦးဘိုကေ နေအိမ်သို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


(မြို့နယ် ပြန်/ဆက်)