ဝက်လက် ၅ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ တောင်သူများ ကုန်ကျစရိတ်သက်သာစေရန်၊ လုပ်သားရှားပါးမှု ပြဿနာ ကင်းဝေးစေရေးနှင့် တောင်သူများ အချိန်မီ စိုက်ပျိုးသွားနိုင်ရေး ရည်ရွယ်ကာ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးပေးခြင်းကို သြဂုတ် ၄ ရက်က ဘိုတဲကျေးရွာတွင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ဝင်လက်မြေ လယ်ယာဝန်ဆောင်မှုအသင်းနှင့် ပူးပေါင်းကာ မိုးစပါး ၃၃ ဧက၊ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်အနေဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ဘင်တဲကုန်းကျေးရွာတွင် ၇ ဧက၊ ဒုတိယအကြိမ်အဖြစ် ဘိုတဲကျေးရွာ၌ ၃၃ ဧက၊ စုစုပေါင်း ဧက ၄၀ စိုက်ပျိုးခဲ့ပြီး တစ်မြို့နယ်လုံး ဧက ၄၀ဝ လျာထားလျက်ရှိကြောင်း မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ဥမ္မာဝင်း(ဝက်လက်)


