ကသာ ၅   သြဂုတ် 


စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) နှင့် ပညာ့အလင်းပွင့် မြန်မာသုသေသန ဖောင်ဒေးရှင်းအဖွဲ့နှင့် ပူးပေါင်း၍ တိုင်းဒေသကြီး ပြည်နယ် (၄) ခုတွင် တစ်မြို့နယ်လျှင် (၄) ရွာနှုန်းဖြင့် စစ်တမ်းကောက်ယူမှုအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။


အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိသော ကျေးရွာများသို့  ပညာအလင်းပွင့်မြန်မာ သုသေသနဖောင်ဒေးရှင်းအဖွဲ့ နှင့် Centre of Good Govermence မှ Austration နိုင်ငံသား သုသေသန ပညာရှင် Mr.Bernard Poul Broughton တို့ ဦးဆောင်၍ မြစိမ်းရောင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကော်မတီဝင်များ၊ အသင်းသားများအား လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် တွေ့ကြုံရသည့်  အခက်အခဲပြဿနာများ၊ အားသာချက်များ အားနည်းချက်များ၊ စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တွေ့ရှိချက်များကို ပညာရှင်များက စာတမ်းပြုစု၍ ပြန်လည်တင်ပြမည်ဖြစ်ကြောင်းကို ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆန်း က ပြောကြားသည်။


ကသာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ကျေးရွာ (၂၄) ရွာအနက် ကူးကာ၊ မြိုင်သာယာ၊ ဆင်ကူး၊ ဆင်ကုန်တိုင် ကျေးရွာ (၄) ရွာအား လေ့လာရေး သုသေသန စစ်တမ်းကောက်ယူ ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဇူလိုင် (၂၆) မှ သြဂုတ်လ (၄) ရက်နေ့အထိ ကျေးရွာများအရောက် ကွင်းဆင်း စစ်တမ်းကောက်ယူမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဟန်မျိုးကျော် (ကသာ)

 

5