နေပြည်တော်  ၅  ဩဂုတ် 


မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊  နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ် သင်ယူနေသော ဘာသာစကားအထူးပြု ကျောင်းသား၊ ကျောင်းသူ (၂၁၆) ဦး၊ ကြီးကြပ်သူဆရာ၊ ဆရာမ (၁၇) ဦးစုစုပေါင်း (၂၃၃) ဦး နှင့် တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာအထူးပြုကျောင်းသား၊ ကျောင်းသူ (၂၆၆) ဦးနှင့် ကြီးကြပ်သူဆရာ၊ ဆရာမ (၁၃) ဦးစုစုပေါင်း (၂၇၉) ဦးတို့သည် အမျိုးသားလွှတ်တော်သို့ ဩဂုတ် ၅ ရက်တွင် လာရောက်လေ့လာကြသည်။    


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်း ဧည့်သည် (၂၀ဝ၆၁)ဦးနှင့် ပြည်ပဧည့်သည် (၂၁၅၇) ဦးရှိကြောင်း သိရသည်။


(သတင်းစဉ်)