ရန်ကုန် ၅  သြဂုတ် 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သတင်းမီဒီယာများ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပခဲ့သည်။ 

အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက အဖွင့်နှုတ် ခွန်းဆက်စကားပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုများကို မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနမှူးများက ဖြေကြားပေးခဲ့သည်။

ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများက မိုးပျံရထားလမ်း တည်ဆောက်မှု၏ နောက်ဆုံးဆောင်ရွက်ထားရှိမှု၊ ကမ်းနားလမ်း ညဈေးအဆင့်မြှင့်တင်မှု၊ ဈေးများအဆင့်မြှင့်တင် ပြီးစီးမှု၊ လမ်းဘေးဈေးရောင်းချမှုနှင့် စည်းကမ်းထိန်းသိမ်းမှု၊ သန့်စင်ခန်းများ စစ်ဆေးမှု၊ တညင်းကုန်းဈေးမှ ဈေးသည်များ ဈေးရောင်းချမှု၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်ခံအဖွဲ့များ၌ အကြံပေးပုဂ္ဂိုလ်များထားရှိမှုနှင့် ချီးမြှင့်ငွေပမာဏ၊ အာဖရိက ဝက်တုပ်ကွေးဖြစ်ပွားမှုနှင့် ပြည်တွင်းသို့ ဝင် ရောက်မှုမရှိစေရန် ဆောင်ရွက်ထားမှု၊ ညဈေးနှင့် စမတ်ကားပါကင်များ ပြုလုပ်မှုအခြေအနေနှင့် အောင်မြင် မှုအခြေအနေ၊ လမ်းဘေးစားသောက်ဆိုင်များ၏ အစားအသောက်များသည် ကျန်းမာရေးနှင့်ကိုက်ညီမှု ရှိ/မရှိ၊ အန္တရယ်ရှိ အဆောက်အအုံများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေ၊ ခွေးလေခွေးလွင်များ အား ထိန်းသိမ်းရှင်းလင်းနေမှု၊ ရေမီတာတပ်ဆင်၍ ရေဖိုးရေခကောက်ခံမှုအခြေအနေ၊ လမ်းဘေးဈေးသည် များအား အရေးယူမှုအခြေအနေများကို မေးမြန်းရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာ ဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း