၆ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံများအနက် အချို့သောရေလှောင်တမံများတွင် မိုးရွာသွန်းမှု အားကောင်း၍ သတ်မှတ်ကန်ရေပြည့်မှတ် ထက် ကျော်လွန်ကာ ရေပိုလွှဲများမှ ရေကျော်ကျ စီးထွက်လျက် ရှိပါသည်။
ယနေ့တွင် သတ်မှတ်ကန်ရေပြည့်မှတ်ထက် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျလျက် ရှိသည့် ရေလှောင်တမံ (၁၅) ခုရှိပြီး ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။


