သဂုတ်  ၆ သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ရွှေကျင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ မြို့နယ်သဘာဝဘေးအန္တရာယ် ကွပ်ကဲမှုရုံးစတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကွပ်ကဲရေးရုံးမှ မြို့နယ်အဆင့် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း  (၁၁)ခု အိမ်ထောင်စု ၄၀ဝ ခန့် လူဦးရေ ၁၉၂၈ ဦးတို့အား ဆန်၊ ရေသန့်များ စတင် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့သည် စစ်တောင်းမြစ်နှင့် ရွှေကျင်မြစ်တို့မှ မြစ်ရေများတက်လာခြင်းကြောင့် ကယ်ဆယ်ရေးစခန်းနှင့် အိမ်ထောင်စု လူဦးရေ ထပ်မံတိုးနေမည်ဖြစ်ကြောင်းနှင့် ရေဘေးအလှူရှင်များ လိုအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရသည်။

တင်မိုးညွန့်(ပြန်/ဆက်)