ဇလွန် ၆  သြဂုတ်   


ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ဖားလက်ခိုကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းရသော အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့  မွန်းလွဲပိုင်း က ထောက်ပံ့ပေးအပ်ခဲ့သည်။


ထောက်ပံ့ပေးအပ်ရာတွင် သြဂုတ် ၂ ရက်က မြစ်ကမ်းပါးပြိုရာတွင် ရွှေ့ပြောင်းရသော အိမ်ထောင်စု ၃၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းနူန်းဖြင့် (၃၇) သိန်း၊ လူဦးရေ ၁၃၅ ဦးအတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ်  ၂၈၃၅၀ဝ၊ သြဂုတ် လ ၃ ရက်နေ့က ဇလွန်မြို့နယ် တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုနှင့် ကမ်းနားရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သောလေဘေးသင့်အိမ်ခြေ ၅ လုံး အတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် (၃၆၀ဝ၀ဝ) ၊ လူဦးရေ ၂၆ ဦးအတွက်ဆန်ရိက္ခာထောက်ပံ့ငွေကျပ် ၅၄၆၀ဝ စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၃၉၈၁၀ဝ ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝေယံ-ဇလွန်(ပြန်/ဆက်)