ဂန့်ဂေါ ၆ သြဂုတ်
ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဇော်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ရွေးကောက်ပွဲအရာရှိ ဒေါ်ချိုချိုလွင် က ကွန်ပျူတာဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာများကို ရှင်းလင်းပို့ချဆွေးနွေးကြောင်းနှင့် သင်တန်းသို့ ကွန်ပျူတာကျွမ်းကျင်သူ ၂၈ ဦးတို့ တက်ရောက်ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


