လှိုင်းဘွဲ့ ၆ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့ အမှတ်(၃)ရပ်ကွက် ပိုင်ကျုံတံတား ချဉ်းကပ်လမ်းဘေးရှိ လုံးပတ် ၈ ပေ၊ အမြင့်ပေ ၆၀ ခန့်ရှိ ကုက္ကိုပင်သည် မိုးရွာသွန်းမှုကြောင့် မြေပျော့အိကာ တံတားချဉ်းကပ်လမ်းပေါ်သို့ ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် လဲကျခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်ပြိုလဲရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်နှင့် ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
သစ်ပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


