မင်းတုန်း ၆   သြဂုတ် 


သရက်ခရိုင်၊ မင်းတုန်းမြို့တွင် သြဂုတ် ၁ ရက်နေ့တွင် ရာသီတုပ်ကွေး Influenza Virus Type A ဖြစ်ပွားသူ နှစ်ဦးတွေ့ရှိရာ ပထမဆုံးတွေ့ရှိသူ တစ်ဦးအား မကွေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသစေပြီး ဒုတိယလူနာ တစ်ဦးအား မင်းတုန်းမြို့ ပြည်သူ့ဆေးရုံရှိ သီးသန့်ခန်းတွင် ကြပ်မတ်ကုသပေးခဲ့ပြီး ယခုအခါ နှစ်ဦးစလုံးကျန်းမာရေး ကောင်းမွန်သွားပြီဖြစ်သည်။


မင်းတုန်းပြည်သူ့ဆေးရုံတွင် ကုသပေးသော လူနာ၏ သွေးနမူနာအားနေပြည်တော်ရှိ National Health Laboratory သို့ ပိုဆောင်စမ်းသပ်ရာ A(H1N1) ဖြစ်ကြောင်း ယမန်နေ့က သိရသည်။


ထို့အပြင် သြဂုတ် ၃ ရက်နေ့တွင်လည်း Influenza Virus Type A လူနာတစ်ဦးတွေ့ရှိပြီး သွေးနမူနာအားNational Health Laboratory သို့ ပိုဆောင်ထားပြီး လူနားအား မင်းတုန်းမြို့ ပြည်သူ့ဆေးရုံရှိ သီးသန့်ခန်းတွင် ကြပ်မတ်ကုသပေးခဲ့ရာကျန်းမာရေး ကောင်းမွန်သွားပြီ ဖြစ်သည်။


ယနေ့ထိ ဆေးရုံသို့ ရောက်ရှိလာသော လူနာ(၁၁)ဦးအား အရေးပေါ် တုပ်ကွေးစစ်ဆေးပစ္စည်း(RITK)ဖြင့် စစ်ဆေးရာ ၃ ဦးသာ Influenza Virus Type A တွေ့ရှိပြီး နှစ်ဦးအား မင်းတုန်းမြို့ ပြည်သူ့ဆေးရုံတွင် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း၊ ရာသီတုပ်ကွေး ဖြစ်ပွားသော လူနာ (၃) ဦးမှာ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပြီး (၄၈)နာရီထိ အဖျားပြတ်ပါက ကျောင်းပြန်တက်နိုင်မည်ဖြစ်ကြောင်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းလင်းအောင် ထံမှ သိရသည်။


ချင်းကလေး(မင်းတုန်း)