နေပြည်တော်   ၆    ဩဂုတ် 


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အာဆီယံ အစားအစာပွဲတော် -၂၀၁၉ (မန္တလေး) ကို မန္တလေးမြို့၊ Mandalay Convention Center ၊ သိပ္ပံလမ်းနှင့် ၆၉×၇၂ လမ်းကြားတွင် သြဂုတ် (၁၇) ရက်မှ (၁၈) ရက်အထိ၊ (၂) ရက်ကြာ ကျင်းပမည်ဖြစ်ပါသဖြင့် မည်သူမဆို လာရောက်အား ပေးနိုင်ပါကြောင်း သိရသည်။


(သတင်းစဉ်)