ရန်ကုန် ၆  သြဂုတ် 

 
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီ သုံးစွဲမှု အသိပညာပေး ဆပ်ကော်မတီနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီသုံးစွဲမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်က ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။


ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။


ထို့နောက် မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူ က ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


ယင်းနောက် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ချမ်းမြေ့ဝင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(FDA) ရန်ကုန်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးမာန်သက်ဦး၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေး နှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ ဓာတ်ခွဲခန်းပညာရှင် ဒေါ်ကေခိုင်ဦး၊ မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းအောင် နှင့် စားသုံးသူရေးရာဦးစီးဌာန မြောက်ပိုင်းခရိုင် ဦးစီးမှူး ဦးအောင်တင်စိုး တို့က ဟောပြော ဆွေးနွေးကြပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်း ဖြေကြားပေးကြသည်။


အဆိုပါ ဟောပြောပွဲကို ပြည်သူများစားသုံးဆီသုံးစွဲရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် ဟောပြောပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်က ကျင်းပခဲ့ကာ ယခု ဒုတိယအကြိမ်မြောက် ဟောပြောပွဲကို ယခု ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့တွင်ကျင်းပခဲ့ခြင်း ဖြစ်သည်။


တတိယအကြိမ် ဟောပြောပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်

 

1