ကြာအင်းဆိပ်ကြီး ၆ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ အမှတ်(၆)ရပ်ကွက် မြေနိမ့်ပိုင်းရှိ လူနေအိမ်များ ရေကြီးနစ်မြုပ်လျက်ရှိရာ ရေများ ထပ်မံမြင့်တက်တိုးလာခြင်းကြောင့် ရေဘေးရှောင်ပြည်သူအိမ်ထောင်စု(၅၁)စု လူဦးရေ(၂၂၂)ဦး တို့မှ ယနေ့ နံနက်ပိုင်း အချိန်က ရေဘေးရှောင်စခန်း အမှတ်(၆)ရပ်ကွက် ဗိုလ်တဲ ဗညားအောင်ရော်ဘာခြံကုန်းနှင့် ဆွေမျိုးနီးစပ်ရာအိမ်များတွင် ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု စုစုပေါင်း(၁၂၇)စု လူဦးရေ(၅၅၂)ဦးတို့အား အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ဌာနဆိုင်ရာနှင့် မြို့နယ်နှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူများအားကျန်းမာရေးကူညီစောင့်ရှောက်မူပေးနိုင်ရန် ကျန်းမာရေး
စခန်းဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးဝန်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)


