စစ်ကိုင်း ၆ သြဂုတ်
စာဖတ်သည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာဖတ်ခြင်းဖြင့် ပညာဗဟုသုတများစွာ ရရှိစေနိုင်ပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားကာ လုပ်ငန်းဆောင်ရွက်မှုများတွင် အသုံးချ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွာက်ရာတွင် စစ်ကိုင်းမြို့နယ် ကျော်ဇေယျာ(အထက)ခွဲကျောင်း၊ လင်းတလူးကျေးရွာနှင့် မာလဲတော ကျေးရွာများသို့ သွားရောက်ကာ သုတ ရသစာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့သည်။
“ကျွန်မတို့ ရွေ့လျားစာကြည့်တိုက်အနေဖြင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ရပ်ကွက်/ကျေးရွာနှင့် အခြေခံပညာကျောင်းတွေကို နှစ်ပတ်တစ်ကြိမ် စာအုပ်များ လဲလှယ်ပေးပြီး အခမဲ့ ငှားရမ်းပေးပါတယ်၊ အဓိကတော့ ကျောင်းသား ကျောင်းသူ လူငယ်တွေ၊ ကျေးရွာပြည်သူတွေ စာဖတ်ခြင်းဖြင့် ပညာဗဟုသုတ များရရှိနိုင်စေရန်အတွက် ဖြစ်ပါတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေးလျားစာကြည့်တိုက် (စစ်ကိုင်း)တာဝန်ခံ ဒေါ်ဇူဇူအောင် က ပြောသည်။
အဆိုပါ သုတ ရသစာအုပ်များကို အခမဲ့ငှားရမ်းခြင်းကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


