လှိုင်းဘွဲ ၆ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာအတွင်း မြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
လက်ရှိအခြေအနေမှာ ရွာသစ်(၂)ရပ်ကွက်မှ အိမ်ထောင်စု(၂၄)စု လူဦးရေ(၁၂၉)ဦး၊ ရွှေပြည်တော် ရပ်ကွက်မှ အိမ်ထောင်စု (၇၄)စု လူဦးရေ(၃၂၇)ဦး စုစုပေါင်း အိမ်ထောင်စု(၉၈)စု လူဦးရေ(၄၅၆)တို့အား မြို့မရပ်ကွက်ရှိ အထက်ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
ရေကြီးနစ်မြှုပ်မှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရွှေဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


