ချောက် ၇ သြဂုတ်
ချောက်မြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန (မြေအသုံးချရေးဌာနခွဲရုံးချုပ်) နေပြည်တော်မှ ဦးစီးအရာရှိ ဦးကျော်စိုးဝင်းနှင့် အဖွဲ့သည် ယမန်နေ့က မြေအမျိုးအစားမတူညီသည့် နေရာများမှ မြေဆီလွှာ တိုင်းတာရေးနှင့် မြေမျိုးမြေပုံထုတ်လုပ်ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဦးစီးအရာရှိ ဦးကျော်စိုးဝင်းနှင့် အဖွဲ့သည် ချောက်မြို့နယ်အတွင်းရှိ ချောင်းတက်၊ ဥယျာဉ်၊ ပခန်းငယ်၊ တောင်သာ၊ တောင်ကြိတ်စု၊ မြောက်ကြိတ်စု၊ ဂွေးချို၊ ဂွေးပင်ကျေးရွာများ၊ စလေမြို့တို့မှ မတူညီကွဲပြားသော မြေမျိုးမြေပုံရေးဆွဲခြင်း၊ ယခင်မြန်မာပြည် မြေမျိုးအား ကမ္ဘာသုံး F.A.O မြေမျိုးများ အဖြစ်ရောက်ရှိစေရန် မြေပုံရေးဆွဲခြင်း၊ မြေဆီလွှာများယူ၍ ဓါတ်ခွဲစမ်းသပ်ခြင်း၊ မြေဆီလွှာဆိုင်ရာ အကြံပြု သုံးသပ်ချက်များနှင့် Soil Report ရေးသားခြင်းတို့အား ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဦးထွန်းမင်းလှိုင် နှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)


