စလင်း ၇ သြဂုတ် 


သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေး တပ်စုအား အသင့်စုဖွဲ့ထားရှိကာ အပတ်စဉ်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

1

    
“ကျွန်တော်တို့မြို့နယ် အတွင်းမှာ မီးဘေးလုံခြုံရေးနှင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုး ပစ်ခြင်း၊ ရေကြီးမြေပြိုမှုကြောင့် ပိတ်မိမှုများဖြစ်ပွားခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်ပြီး မြစ်ရေကြီးမှုဖြစ်ပွားလာပါက ပြည်သူများထံ အချိန်မီအသိပေး ပြန်ကြားသွားရန်နဲ့ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ အသက်ကယ်ပစ္စည်းများ၊ စက်ရေယာဉ်နှင့်အတူ ရှာဖွေကယ်ဆယ်ရေး တပ်စုတစ်စုကို အသင့်စုဖွဲ့ထားရှိပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်မှပြောကြားသည်။


စလင်းမြို့နယ် မီးသတ်ဦးစီးဌာန အနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃၀ ဖြင့် ရှာဖွေကယ်ဆယ်ရေး တပ်စုအား အသင့်ဖွဲ့စည်းထားရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြင့် အပတ်စဉ် လေ့ကျင့်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


စိုးမိုးသူ(စလင်း)