Asthma (ပန်းနာရင်ကျပ်ရောဂါ) ကဘာလဲ။
ပန်းနာရင်ကျပ်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းနေမှုကြောင့် သင့်ရဲ့အဆုတ်မှာ ဝင်လေ၊ ထွက်လေ ကန့်သတ်မှုရှိနေတဲ့ ရောဂါဖြစ်ပါတယ်။ ၎င်းက ချွဲသလိပ်သံနဲ့ အသက်ရှူရခြင်း (အသက်ရှူတဲ့အခါ တရွှီရွှီမြည်နေခြင်း)၊ ရင်ဘတ်ထဲ မွန်းကျပ်နေခြင်း၊ အသက်ရှူမဝခြင်း (ပြတ်တောင်းပြတ်တောင်း အသက်ရှူရခြင်း)နဲ့ ချောင်းဆိုခြင်းတို့ ထပ်ကာတလဲလဲ ဖြစ်လာတတ်တဲ့ နာတာရှည်ရောဂါ ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ကို အရှင်းပျောက်ကင်းစေနိုင်တဲ့ ဆေးမရှိပေမယ့် သင့်အနေနဲ့ ပုံမှန်အတိုင်း ကျန်းမာတဲ့ဘဝတစ်ခု ပိုင်ဆိုင်စေဖို့ ဒီရောဂါကို ပြုပြင်ကုသနိင်ပါတယ်။
Asthma (ပန်းနာရင်ကျပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
ကမ္ဘာတလွှားက အသက်အရွယ်မရွေး လူဦးရေသန်း ၃၀ဝ ခန့်ဟာ ပန်းနာရင်ကျပ်ရောဂါ ခံစားနေရပါတယ်။ ဒီရောဂါက ကလေးဘဝမှာ စတင် ဖြစ်ပွားလာတာများပါတယ်။
လက္ခဏာများ
Asthma (ပန်းနာရင်ကျပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
• ချောင်းဆိုးတာရှည်ခြင်း
• အသက်ရှူသံတရွှီရွှီမြည်ခြင်း
• အသက်ရှူမဝခြင်း
• ရင်ဘတ်အောင့်လာတဲ့အထိ ရင်ကျပ်ခြင်း
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ပါလက္ခဏာတွေ သင့်မှာ ဒါမှမဟုတ် သင့်ကလေးမှာ စတင်ခံစားနေရပြီ ဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ အကြံပြုလိုပါတယ်။
အကြောင်းရင်းများ
Asthma (ပန်းနာရင်ကျပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
ဓာတ်မတည့်မှုဖြစ်စေတဲ့အရာများ – ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပိုးဟပ်၊ mold နဲ့ ဝတ်မှုန်များ
အနေရခက်စေတဲ့အရာများ -စီးကရက်အငွေ့၊ လေထုညစ်ညမ်းခြင်း၊ ဓာတုပစ္စည်းများ၊ ဖုန်မှုန့်၊ နဲ့ ဖြန်းဆေးများ
ဆေးဝါးများ – အက်စပရင်၊ စတီးရွိုက်မပါတဲ့ တခြားအရောင်ကျဆေးများ၊နဲ့ nonselective beta-blockers ဆေးများ
အစားအသောက်တွေမှာပါတဲ့ ဆာလဖိုက်များ
အအေးမိဝေဒနာလိုမျိုး အသက်ရှူလမ်းကြောင်း မှတဆင့် ကူးစက်တတ်တဲ့ရောဂါများ
ကိုယ်လက်လှုပ်ရှားမှု
ဖြစ်နိုင်ခြေများစေသောအချက်များ
Asthma (ပန်းနာရင်ကျပ်ရောဂါ) ဖြစ်နိုင်ခြေများစေတဲ့အချက်တွေကဘာလဲ
ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတချို့ကို ထိတွေ့မိခြင်းနဲ့ မျိုးဗီဇဆိုင်ရာ အကြောင်းရင်းတို့ ပေါင်းစပ်တဲ့အခါ ကလေးဘဝကတည်းကတောင် ပန်းနာရင်ကျပ်ဖြစ်လာနိုင်တဲ့အန္တရာယ် အများဆုံးဖြစ်ပါတယ်။
မိသားစုရာဇဝင်
အသက်ရှူလမ်းကြောင်းမှကူးစက်တတ်တဲ့ရောဂါများ
ဓာတ်မတည့်ခြင်း- atopic dermatitis(နှင်းခူ)၊ သို့မဟုတ် ဓာတ်မတည့်လျှင်
နှာချေခြင်း (hay fever)
အလုပ်ခွင်မှာ ထိတွေ့မိခြင်း
ဆေးလိပ်သောက်ခြင်း
လေထုညစ်ညမ်းခြင်း
အဝလွန်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များ ရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။
Asthma (ပန်းနာရင်ကျပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ
လက်ရှိမှာတော့ ပန်းနာရင်ကျပ်အတွက် ကုသပျောက်ကင်းစေမယ့် နည်းလမ်းမရှိသေးပေမယ့် ဆေးသောက်ရင်း၊ သင့်နေထိုင်မှုပုံစံကို ပြောင်းလဲရင်းနဲ့ ရောဂါလက္ခဏာတွေကို လျော့နည်းသွားအောင် ပြုပြင်ကုသ နိုင်ပါတယ်။
ဆေးဝါးကုထုံး
နေ့စဉ်အသုံးများတဲ့ ဆေးဝါးတချို့ကတော့ –
• Corticosteroids (fluticasone, budesonide, mometasone, ciclesonide, flunisolide, beclomethasone)
• Leukotriene modifiers
• အမြန်သက်သာစေတဲ့ ဆေးများ (short-acting beta-agonists)
Inhalers ရှူဆေးများ
ပေါင်းစပ် Inhalers ရှူဆေးတွေမှာ corticosteroid နဲ့ long-acting beta-agonist (LABA) တို့ပါဝင်ပါတယ်။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe