ကန်ကြီးထောင့်   ၇  ဩဂုတ် 


ငါးသယံဇာတ တိုးပွားစေရေးနှင့်ပြည်သူများ ငါးရိက္ခာ စားသုံးမှု ဖူလုံစေရေးအတွက် ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကျေးရွာ သရက်ချောင်းအင်း/ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးကောင်ရေ ငါးသိန်းကျော်အား စိုက်ထည့်ခဲ့ကြောင်း သိရသည်။


ငါးမျိုးစိုက်ထည့်ရာတွင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင် မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အင်းသားကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများမှ  အင်း သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ခြင်း  ၂၅၀ဝဝဝ၊ ငါးခုံးမကြီး ၂၅၀ဝဝဝ၊ ငါးခူ ၁၅၀ဝ၊ ငါးကျည်း ၂၀ဝဝ၊ စုစုပေါင်း ငါးကောင်ရေ ၅၀၃၅၀ဝ အား စုပေါင်းစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။


နန်းထိုက် (KGD)