မိုင်းပန် ၇ သြဂုတ်
မိုင်းပန်မြို့နယ် အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်လုံကျေးရွာ၊ ကုန်းပင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တည်ထားလျက်ရှိသော ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်မြတ်ပုံတူ အနီးတွင် ချယ်ရီပင် ၁၅ဝဝ စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန်၌ ကျင်းပခဲ့သည်။
စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့် ချယ်ရီပင်များအား စိုက်ပျိုးမည့်အဖွဲ့များထံသို့ အသီးသီးပေးအပ်ခဲ့ပြီး ချယ်ရီပင်များ စိုက်ပျိုးရန်အတွက် ဆရာတော် အရှင်သူမြတ်များအား ပင့်ဖိတ်ကာ အရှင်သူမြတ်အပေါင်းတို့မှ “ဇယန္တော” အစရှိသော မြတ်စွာဘုရားရှိခိုးဖြင့် ရွတ်ဖတ်ပူဇော်၍ ချယ်ရီပင်များ စိုက်ပျိုးခဲ့ကြကြောင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၆၀ဝ ခန့် အတူတကွ စုပေါင်း၍ ချယ်ရီပင်များ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုဆန်း (မိုင်းပန်)


