ဟိုပင်     ၇     သြဂုတ်         

       
ရွှေအင်းသူဖောင်ဒေးရှင်း၏ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ  ၁၇ ကြိမ်မြောက် ထောက်ပံ့ခြင်းကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ အ.လ.က.ခွဲ (၁)   နန့်ရင်းကျေးရွာ၌ ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။ 


အဆိုပါ အခမ်းအနားတွင် ရွှေအင်းသူဖောင်ဒေးရှင်း အဖွဲ့ဝင်များသည် ဟိုပင်မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.လ.က၊ အ.မ.က ကျောင်းများသို့ သွားရောက်ကာ ချို့တဲ့ကျောင်းသား ကျောင်းသူ ၂၁၅ ဦးအား ငွေကျပ် ၂၅ သိန်းကျော် တန်ဖိုးရှိ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 


တိုးတိုးမေ - ဟိုပင်