၇ သြဂုတ်
နယူးဇီလန်နိုင်ငံ တရားရေးဝန်ကြီး အန်ဒရူး လစ်တယ် က အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးဟောင်း မာရီ ရှော့ဖ် ကို ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌသစ် ခန့်အပ်ကြောင်း ယနေ့ ကြေညာခဲ့သည်။
အဆိုပါ တရားရေးဝန်ကြီး က ဝတ်လုံတော်ရရှေ့နေ ဂျိန်းမီအာရတ်စ် ကိုလည်း ထိုကော်မရှင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မစ္စ ကစ်တီ မက်ဒေါ်နယ် ဒုတိယ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ခဲ့သည့် ယခုနှစ် ဧပြီလ က စပြီး ယင်း နေရာသည် လစ်လပ်နေခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ အက်ဥပဒေ ၁၉၉၃ ဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်အဖွဲ့ ကို တည်ထောင်ခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲစနစ် ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်လျက်ရှိသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို