တီးတိန် ၇ သြဂုတ် 

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် NEP (National Electrification Project) စီမံကိန်း (ICB-3)၊  မဟာဓါတ်အားလိုင်းပြင်ပစနစ် ဆိုလာမီးလင်းရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ  ရောက်ရှိလာသည့် ဆိုလာနှင့် ဆက်စပ် ပစ္စည်းများကို သြဂုတ်လ ပထမပတ်အတွင်း ဗန်းတဲ့ကျေးရွာ၌ တပ်ဆင်ပြီးစီးခဲ့ပြီး သြဂုတ် ၈ ရက်မှစ၍ မွာလ်လုမ်းကျေးရွာတို့တွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

44eee

 

အဆိုပါ NEP စီမံကိန်းသည် မဟာဓာတ်အားလိုင်းပြင်ပ (Off-Grid)ဒေသများတွင် ကမ္ဘာ့ဘဏ်ချေးငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေများ ပူးပေါင်းလျက် ဆောင်ရွက်ခြင်းဖြစ်ရာ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် NEP စီမံကိန်းအား ဘုတ်ဖီရ်ကျေးရွာ၊ ငင်းသဲကျေးရွာ၊ ဖါရ်တလန်(သ) ကျေးရွာ၊ ဖါရ်တလန်(ဟ)ကျေးရွာ၊ တွီးကျင့်လွီးကျေးရွာ၊ ဇုံးကျေးရွာ၊ ဒိမ်ပီးကျေးရွာ၊ ထေးဇန်ကျေးရွာ၊ လဲဇန်ကျေးရွာ၊ ဘုမ်ဇန်ကျေးရွာ၊ ကွေးလမ်းကျေးရွာ၊ လိမ်ခိုင်(ဇို)ကျေးရွာ၊ လိမ်ခိုင်(ဘုံး)ကျေးရွာ၊ မွာလ်လုမ်းကျေးရွာ၊ ဇိမ်သဲကျေးရွာ၊ ဒုမန်ကျေးရွာ၊ ဖိုင်လင်ကျေးရွာ၊ ဒတ်ဒုံးကျေးရွာ၊ ဒိမ်လိုးကျေးရွာ၊ ဗန်းတဲ့ကျေးရွာစသည့် ကျေးရွာပေါင်း ၂၀ တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် NEP စီမံကိန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၃၉ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ရှစ်ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျေးရွာ ၂၀ အပါအဝင်  စုစုပေါင်းကျေးရွာ ၆၇ ရွာ ဆောင်ရွက်ပြီးစီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသား