နေပြည်တော် ၇ သြဂုတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေအား ယနေ့ ညနေ ၄ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားနိုင်ရေး၊ နှစ်နိုင်ငံအကြား ပုံမှန်ကုန်သွယ်မှု၊ ကုန်ပစ္စည်းချင်းဖလှယ်သည့် ကုန်သွယ်မှု (Barter Trade)နှင့် နယ်စပ်ကုန်သွယ်မှုတို့ကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာသံရုံးမှ ညှိနှိုင်းဆောင်ရွက်ပေးသွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


