ဝါးခယ်မ ၇ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့၌ မြေယာလျော်ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဝါးခယ်မမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက လယ်မြေ ၅၁ ဒသမ ၆၇ ဧကအတွက် တောင်သူ ၁၈ ဦးအား မြေယာလျော်ကြေးငွေ စုစုပေါင်း ငွေကျပ် သိန်း ၁၀၃၃၄၀ဝ၀ဝ ကို ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ခြင်းသည် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ဆောက်လုပ်ထားသည့် မြေယာများနှင့် ပတ်သက်၍ မူလပိုင်ရှင်များထံ မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)


