နေပြည်တော် ၇ သြဂုတ် 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၄ ရက်အထိ (၈)ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင်သစ်  စုစုပေါင်း ၂၈၉ ဒသမ ၁၅၆၄ တန်နှင့် ပြစ်မှုကျူးလွန်သူ (၃၅)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုမှ ယာဉ်၊ ယန္တရား(၃၃)စီးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အများဆုံး ဖမ်းဆီးရမိမှုမှာ ဇူလိုင် ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သံလယ်ကြီးဘိနယ် သနီချောင်းအနီးတွင် တရားမဝင်သစ် ၅၀ ဒသမ ၅၄၉၄ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့မှုဖြစ်ကြောင်း သိရသည်။ 

ကိုမျိုး