ရွှေကျင် ၈ သြဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့၌ သြဂုတ်လ ၃ ရက်နေ့မှစတင်၍ ယနေ့အထိ စစ်တောင်းမြစ်ရေ တိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၆)အုပ်စုအနက်မှ (၂၄)အုပ်စု၏ မိုးစပါးဧကများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
စစ်တောင်းမြစ်ရေတိုးမှုကြောင့် တောင်သူပေါင်း(၂၈၂၁)ဦး၊ ဦးပိုင်ပေါင်း(၂၉၅၉)ဦး လုပ်ကွက်များမှ မိုးစပါးဧက (၁၁၄၃၈) ဧကအထိ နစ်မြုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
တင်မိုးညွန့်(ပြန်/ဆက်)


