ဓနုဖြူ ၈ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သြဂုတ် ၇ ရက် မွန်းလွဲပိုင်းက ရုတ်တရက်လေပြင်းတိုက်ခက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် အင်္ဂလာကျေးရွာအုပ်စု၊ အင်္ဂလာတောင်ကျေးရွာတွင် လူနေအိမ်တစ်လုံး၊ အလမျိုးကျေးရွာအုပ်စု၊ အလမျိုးကျေးရွာတွင် လူနေအိမ် နှစ်လုံး အမိုးလန်ပြိုကျပျက်စီးခဲ့သည်။
ထို့အပြင် အ.ထ.က (အလမျိုး)တွင်လည်း လေးခန်းတွဲ မိန်းခလေးအိမ်သာတစ်လုံးနှင့် ကျောင်းမုန့်ဈေးတန်းတို့ အမိုးလန်ပျက်စီးခဲ့ပြီး ကျောင်းအတွင်းရှိ ပိတောက်ပင်မှပိတောက်ကိုင်းပျက်ကျခဲ့ရာ ကျောင်းသားကျောင်းသူများ၏ စက်ဘီး စုစုပေါင်း အစီး (၃၀) ပျက်စီးခဲ့ရသည်။
ယင်းလေးပြင်းတိုက်ခတ်မှုကြောင့် လူနှင်တိရစ္ဆာန်ထိခိုက်သေကျေပျက်စီးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


