ကျွန်းလှ ၈ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာတွင် ပလတ်စတစ်ခြင်း ရက် လုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
ပလပ်စတစ်ခြင်းရက်ပညာကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဖွင့်လှစ်ပေးသည့် သင်တန်းသို့ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးတော့ ကိုယ်ပိုင်ခြင်းရက်လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ အိမ်ထိလာရောက်မှာကြသည့် ရိုးရိုးလက်ဆွဲခြင်း (ကြီး/လပ်/သေး)နှင့် အလှခြင်းများကို ရက်လုပ်ပေးလျှက် ရှိကြောင်း သိရသည်။
ခြင်းအမျိုးအစားပေါ်မူတည်ပြီး တစ်လုံးငွေကျပ်၂၅၀ဝ မှ ၅၀ဝ၀ ရောင်းရကြောင်း/တစ်လုံးငွေကျပ် ၂၀ဝ၀ ခန့်အမြတ်ကျန်ပြီး တစ်ရက်(၄)လုံးပြီးကြောင်း၊ ကျေးရွာနေအမျိုးသမီးများ အလုပ်အကိုင်ရရှိစေရန် ပြန်လည်သင်ကြားပေးလျှက်ရှိကြောင်း ကျီကုန်းကျေးရွာနေမခင်ဝိုင်းက ပြောသည်။
ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


