တနင်္သာရီ  ၈  သြဂုတ်  


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်ရေသည် သြဂုတ်  ၈ ရက် နံနက် ၈ နာရီအချိန်ခန့်ကတိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်၍ ၁၉ ပေ ၁၁ လက်မသို့ရောက်ရှိလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများစတင်ဝင်ရောက်လာသည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


တနင်္သာရီမြစ်ရေကြီးမြင့်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ချောင်းကြီးရပ်ကွက်တွင် ချောင်းကြီး ဘုန်းတော်ကြီးကျောင်းနှင့် မြို့နယ်ခန်းမ၊ ချောင်းငယ်ရပ်တွင် ရိပ်သာဘုန်းတော်ကြီးကျောင်း၌ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။


 မြစ်ရေကြီးလာမှုကြောင့် ချောင်းငယ်ရပ် ရိပ်သာကျောင်းလမ်းရှိ အိမ်ထောင်စု (၁၂) စုမှ လူဦးရေ အမျိုးသား(၂၃) ဦးနှင့် အမျိုးသမီး (၃၂) ဦး၊ စုစုပေါင်း (၅၅) ဦးတို့အား ရိပ်သာဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေး စခန်းသို့ နံနက် ၁၀ နာရီအချိန် ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။


တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်မှာ သြဂုတ် ၈ ရက် နံနက် ၈ နာရီအချိန် တိုင်းထွာချက်အရ (၁၉)ပေ (၁၁)လက်မရှိပြီး အန္တရာယ်ရေအမှတ်မှာ (၂၄) ပေ (၇၃၁ ဒသမ ၅၂ စင်တီမီတာ) ဖြစ်ကြောင်း သိရသည်။


မြင့်ဦး(မြိတ်)

 

1