ရှမ်းရွာသစ်    ၈  ဩဂုတ် 


ကရင်ပြည်နယ်၊  ရှမ်းရွာသစ်မြို့ရှိ လှိုင်းဘွဲ-ရှမ်းရွာသစ် ကားလမ်းပေါ်ရှိ မိုးပျံတံတား ချဉ်းကပ်လမ်းသည် ဩဂုတ် ၅ ရက်က တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျမှုဖြစ်ပေါ်ခဲ့ရာ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ တံတားသည် မဲသမူကျေးရွာအုပ်စုအတွင်း လှိုင်းဘွဲ-ရှမ်းရွာသစ် ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (29.2 -29.4) ကီလိုမီတာအကြား အရှည် (၁၉၅)ပေနှင့် အကျယ် (၃၀)ပေရှိ မိုးပျံတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် ကတ္တရာလမ်းသား (၉)ပေ၊ အကျယ် (၂၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ပျက်စီးသွားသော တံတားချဉ်းကပ်လမ်းအား ကရင်ပြည်နယ် ပြည်နယ်/ခရိုင် လမ်းဉီးစီးဌာန၏ ကြီးကြပ်မှုဖြင့် လမ်းဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် အခြေချနည်းဗျုဟာမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ချဉ်းကပ်လမ်း ပြင်ဆင်ဆောင်ရွက်မှုများကို ဩဂုတ် ၇ ရက်မှစ၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၉ ရက် နံနက်မှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ရှမ်းရွာသစ်မြို့ လမ်းဉီးစီး ဌာနမှ သိရသည်။


ရှမ်းရွာသစ်(ပြန်/ဆက်)