ရန်ကုန် ၈ သြဂုတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် JICA Project ဖြင့် တိုးချဲ့တပ်ဆင်ထားသော ရုပ်သံထုတ်လွှင့်မှု စက်ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုမှု သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို(အေ)၌ကျင်းပသည်။
သင်တန်းတွင် Studio ၌ HD Camera ရိုက်ကူးမှု၊ Virtual စနစ်သုံးစွဲ ရိုက်ကူးမှု၊ Video Server နှင့် Video Wall သုံးစွဲမှု၊ Routing Switcher နှင့် Production Switcher ကိုင်တွယ်အသုံးပြုမှု၊ Computer Graphic များဖန်တီးမှု၊ Slow Motion အပါအဝင် Audio Mixer နှင့် Wireless Microphone များသုံးစွဲမှု၊ Arichiving မှတ်တမ်းများအတွက် Server System နှင့် ကွန်ရက်ချိတ်ဆက်မှုများ၊ တိုက်ရိုက်ထုတ်လွှင့်ယာဉ်မှ တစ်ဆင့်ရိုက်ကူးထုတ်လွှင့်မှုများကို NHK Technologies, Inc. နှင့် NEC Corporation မှ ပညာရှင်များက ရက်သတ္တပတ် ၆ ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် NEC Corporationမှ ပရောဂျက်မန်နေဂျာ Mr. Osamu Hashimoto က သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။ အဆိုပါသင်တန်းသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်နှင့် တပ်ကုန်း) တို့မှ သင်တန်းသား သင်တန်းသူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


