နေပြည်တော်  ၉ ဩဂုတ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာအနီး AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူတစ်ဦး ဖမ်းဆီးရမိသည့်သတင်းအား ဩဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူအား ပဏာမစစ်ဆေးမေးမြန်းချက်အရ ၎င်းသည်ပြင်ချောင်းကျေးရွာ အလယ်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာ တစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်းနှင့်အတူ သိမ်းဆည်းရမိသည့် လက်ကိုင်ဖုန်းအတွင်းမှ AA အဖွဲ့နှင့် ဆက်သွယ်ထားသော စာများအား တွေ့ရှိသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်