၉  သြဂုတ်

မော်တော်ယာဉ်အစိတ်အပိုင်းများအား မမှန်မကန် ပြောင်းလဲထားသည့်(ဖောက်စွပ်)ယာဉ်အစီးရေ ၃၀ဝ ကျော် သိမ်းဆည်းရမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)အဖွဲ့ဝင် ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါးက ပြောသည်။

ဒီဖောက်စွပ်တွေ ဖြစ်ရတဲ့အကြောင်းရင်းကတော့ မသမာသူတချို့က နေပြီးတော့ ဒီလိုမျိုးလုပ်တာဖြစ်တယ်။ လက်ရှိမှာတော့ မိတာနည်းလာပါပြီ။ အသစ်လုပ်တာတော့ မရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ လုပ်လို့ရှိရင်လည်း ဒါတွေက ပေးလို့မရတဲ့ဟာ ဖြစ်တယ်။ ကျွန်တော်တို့ ဒီမှတ်ပုံတင်မယ့်ယာဉ်တစ်စီးကို အစားထိုးဖို့လုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း ခွင့်မပြုခြင်းဖြစ်ပါတယ်ဟု ဦးလျန်ကျင့်မန် (ခ)ငမ်ခိုင်ပါးပါးက ပြောသည်

အဆိုပါ ဖောက်စွပ်ယာဉ်များနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိသိမ်းဆည်းရမိမှုမှာ အစီးရေ ၃၀ဝ ကျော်ရှိပြီး ယင်းသိမ်းဆည်းရမိသည့်ဖောက်စွပ် မော်တော်ယာဉ်များကို သိမ်းဆည်းခြင်းနှင် မှတ်ပုံတင်ဖျက်သိမ်းခြင်းတို့ကို ဆောင်ရွက်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခင်က မော်တော်ယာဉ်တစ်စီး၏ အစိတ်အပိုင်းအား မမှန်မကန်ပြောင်းလဲထားသည့် (ဖောက်စွပ်)ယာဉ်များကို RTA ဒဏ်ကြေးပေးဆောင်ခြင်း ခွင့်ပြုတော့မည်မဟုတ်ဘဲ ၂၀၁၅ မော်တော်ယာဉ်ဥပဒေ၊ အခန်း-၄၊ အပိုဒ်-၁၈(င)တွင် ပါရှိသည့် ခွင့်ပြုချက်မရဘဲ မော်တော်ယာဉ်အမျိုးအမည်၊ ခုနှစ်၊ ပုံစံ၊ ခွင့်ပြု၍မရသော ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်ပယ်ဖျက်ခြင်းနှင့် နိုင်ငံပိုင်သိမ်းဆည်းခြင်းများကို ကညန အနေဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငြိမ်းငြိမ်း