ချောင်းဦး ၉ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ နွယ်ခွေကျေးရွာ နွယ်ရတနာစာကြည့်တိုက် ပထမအကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နွယ်ရတနာစာကြည့်တိုက်၌ သြဂုတ်လ(၈)ရက်၊ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက အမှာစကားပြောကြားပြီး ရပ်မိရပ်မ ဦးရွှေမောင်နှင့် စာကြည့်တိုက်မှူး ကိုဌေးဝင်းတို့က ကျေးဇူးတင်စကားပြောကြားသည်။
နွယ်ခွေကျေးရွာ နွယ်ရတနာစာကြည့်တိုက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နွယ်ခွေကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ နှင့် ပူးပေါင်းကာ အလယ်တန်းအဆင့် စာစီစာကုံး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ နှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းနှင့် အဖွဲ့များက ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် စာကြည့်တိုက်မှူး ကိုဌေးဝင်းဦးဆောင်သော အဖွဲ့များက ကျေးရွာစာကြည့်တိုက်အတွက် လစဉ် အလှူငွေများ လှူဒါန်းပေးခဲ့သော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အိအိအောင် (ချောင်းဦး)


