ကော့သောင်း ၉ သြဂုတ်


စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး သိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများ အချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်ကာ ကော့သောင်းမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းတစ်ရပ် ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နန္ဒာဦး က စာဖတ်ဝိုင်း ပြုလုပ်ခြင်း အစီအစဉ်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား သည်။


ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက  မိမိတို့ဖတ်ရှုခဲ့ကြပြီးဖြစ်သည့်  စာရေးဆရာဖေမြင့် ရေးသားသည့်  တန်ဖိုးထားအပ်သောအရာများ စာအုပ်ပါ ခေါင်းစဉ်အကြောင်းအရာ(၁၂)ခုမှ  ရေးသားတင်ပြမှုအစီအစဉ်များ၊ ဆောင်းပါးပါအကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ရေးသားချက်များကပေးစွမ်းသည့် စာပေရသများကို စာဖတ်ဝိုင်းတက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များမှ မိမိတို့ ၏အမြင်ရှုထောင့်အမျိုးမျိုးမှ အသီးသီးအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။


ကျော်စိုး (ကော့သောင်း)