ပုလော ၉ သြဂုတ်
သြဂုတ်လ ၈ ရက်နေ့ ည နှင့် ၉ ရက်နေ့ နံနက်ပိုင်း မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် (၁၀)နာရီ အချိန်၌ မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စု လမ်းမကြီး( ပဝတ်ကုန်း - ကဒဲ ကျေးရွာအနီး) တွင် ၂ပေခန့် ရေကျော်မှုများ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေကျော်မှု ဖြစ်ပွားလျက်ရှိရာ ပုလောမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ ကယ်ဆယ်ရေး တပ်ဖွဲ့အင်အား (၁၅) ဦးနှင့် ဒေသခံပြည်သူများပူးပေါင်းလျက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပုလော ပြန်/ဆက်


