ဘိုကလေး ၉  သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီး ကျေးရွာအုပ်စု၊ မီးလောင်ကွင်းကျေးရွာမှ ဇေယျရတနာ ဘုန်းတော်ကြီးကျောင်းဆောင်သည် သြဂုတ်(၈)ရက်နေ့ ညပိုင်းလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

 

1

 


အဆိုပါကျောင်းဆောင်သည် လွန်ခဲ့သော(၁၀)နှစ်ခန့်က ကုက္ကိုသား၊ အုန်းသားများဖြင့် တည်ဆောက်ထားသော ဓနိကာ၊သွပ်မိုး ကျောင်းဆောင်ဟောင်းတစ်ခုဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်စီးခြင်း၊ တိုင်ခြေများပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်းနှင့် သံဃာတော်များ ဆက်လက်သီတင်းသုံးနေထိုင်ရန် အခက်အခဲရှိကြောင်း  သိရသည်။


မိုးစက်(ဘိုကလေး)