ဒေးဒရဲ  ၉   ဩဂုတ် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဩဂုတ် ၆ ရက်နေ့ ညနေ ၄ နာရီ အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်များမှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီချိုတို့က လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်ပြီး ဒေးဒရဲမြို့နယ် နောက်ပြန်တိုးကျေးရွာအုပ်စုရှိ လေးဘေးသင့် လူနေအိမ် (၇)လုံးရှိ အိမ်ထောင်စု (၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်(၁၀ဝ၀ဝ၀)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀ဝ၀ဝ၀)ကျပ်၊ လူဦးရေ (၂၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၆၇၀ဝ)ကျပ်နှင့် အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး (၁)ပုံးစီအား  လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)