၉ သြဂုတ်


ရုရှားနိုင်ငံမြောက်ပိုင်းရှိ စစ်ဘက်စခန်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ 

 

1

 


အရည်လောင်စာကို အသုံးပြု၍ တွန်းကန်မှုစမ်းသပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။


အဆိပ်အတောက်များ လေထဲသို့ ပျံ့နှံ့ခြင်းမရှိကြောင်း ရေဒီယိုသတ္ထုကြွအဆင့်မှာ ပတ်ဝန်းကျင်ဧရိယာများတွင် ပုံမှန်ဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောကြားခဲ့သည်။  


ရုရှားရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သဘောင်္များ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်သည့် စက်ရုံတွင် ပေါက်ကွဲမှုများခဲ့ခြင်းဖြစ်သည်။ Severodvinsk ၏ ကီလိုမီတာ  ၃၀ အကွာတွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်