မနီလာ ၉ သြဂုတ်
ဖိလစ်ပိုင်အလယ်ပိုင်းတွင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် အင်န်ပီအေသူပုန်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ သူပုန် အဖွဲ့ဝင်သုံးဦးနှင့် အစိုးရတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် တပ်မတော်က ပြောကြားခဲ့သည်။
နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့မှုအတွင်း အစိုးရတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖိလစ်ပိုင်တပ်မတော်က ဖော်ပြသည်။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုသည် သြဂုတ် ၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် Himamaylan မြို့ရှိ ကျေးရွာငယ်တစ်ခု၌ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာမှ သေနတ်အမျိုးမျိုးနှင့် လက်နက်ခဲယမ်းများကို အစိုးရတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။ အင်န်ပီအေ သူပုန်အဖွဲ့သည် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီကို ထောက်ခံသည့်အဖွဲ့ ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်များကတည်းက အစိုးရသည် ကွန်မြူနစ်သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးပေ။
ဆင်ဟွာ