ရန်ကုန် ၁၀ သြဂုတ် 

လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့၏ ထုတ်ပြန်သည့်အစီရင်ခံစာအပေါ် ကန့်ကွက်ကြောင်းနှင့် ယင်းအဖွဲ့အား မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုရန် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာကြသူများက လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့၏ ထုတ်ပြန်သည့် အစီရင်ခံစာအပေါ် ကန့်ကွက်ကြောင်းနှင့် ထိုအဖွဲ့အား မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုရန် ဟောပြောမှုများ ပြုလုပ်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ပိုစတာများကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မြန်မာ့အမျိုးသားရေး တက်ကြွလှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူများ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အချက်ခုနစ်ချက်ပါရှိသည့် သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။ 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး