ဆော  ၁၁  သြဂုတ် 
ဂန့်ဂေါခရိုင် ဆောမြို့နယ် မင်းလယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ သြဂုတ်  ၁၀ ရက် နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နယ်လှည့်ဟောပြောပွဲ ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမဒေါ်သိန်းဌေးက အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခိုင်ဇာဝင်းက ရာသီဉတုပြောင်းလဲလာမှု များကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အသိပညာဗဟုသုတအတွက် စာအုပ်စာပေများလေ့လာဖတ်ရူကြရေးတို့အား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ 

01

ထို့နောက် ကျေးရွာအတွင်း စာပေဖတ်ရူသူများတိုးပွားလာစေရန်၊ကလေးများ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတကြွယ်ဝစေရန် ပုံပြင်စာအုပ်နှင့်သုတရသစာအုပ်များ ခင်းကျင်းပြသပြီး စိတ်ကြိုက် ရွေးချယ်ဖတ်ရူငှားရမ်းကြကြောင်းသိရသည်။

(မြို့နယ် ပြန်/ဆက်)