ကြာအင်းဆိပ်ကြီး ၁၁ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇမိမြစ်ရေသည်စိုးရိမ်ချိန်အမှတ်(၃၅)ပေအထက် ၁ ပေကျော်ခန့်ကျော်လွန်ပြီး ရပ်ကွက် များနှင့် ကျေးရွာများအတွင်း လူနေအိမ်များသို့ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားပြီး ရေဘေးရှောင်စခန်း အသစ်ထပ်မံ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။အဆိုပါရေဘေးရှောင်ပြည်သူများအား နယ်မြေခံတပ်ရင်းတပ်နယ်မှ တပ်မတော်သားများ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်း အဖွဲ့များ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များကလှေများ မော်တော်ကားများဖြင့် ရေဘေးရှောင်စခန်းသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။
မျိုးမင်းဦး(ပြန်ဆက်)


