မိုးညှင်း ၁၁ သြဂုတ် 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာလေးတန်ချောင်းဖျားတွင် မိုးသည်းထန်ရွာရွာသွန်းခဲ့သဖြင့်  လေးတန်ချောင်းရေကြီးရေလျှံမှုကြောင့် သြဂုတ် ၁၀ရက် နံနက် ၉ နာရီအချိန်က CSR ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသော ကွန်ကရစ်တာရိုး ကျောက်စီမြေထိန်းနံရံနှင့် ချောင်းကမ်းပါး တာရိုးမြေသားအရှည်ပေ ၈၀ ခန့်အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

 

0123

 

"လွန်ခဲ့တဲ့ သြဂုတ် ၉ရက်နေ့ည ၁၀နာရီအချိန်ခန့်က လေတန်ချောင်းဖျား ဆင်ခေါင်းတောင်ခြေတစ်ဝိုက်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့်  မော်ဟန်ကျေးရွာလေးတန်ချောင်းမှာ CSR ရန်ပုံငွေနဲ့ ဆောင်ရွက်ထားတဲ့  ချောင်းကမ်းဘေးတာရိုးမြေသားတွေ ပြိုကျသွားပြီး တာရိုးတွေအက်ကွဲခဲ့ပါတယ် '" ဟု မော်ဟန်ကျေးရွာရပ်မိရပ်ဖဦးဉာဏ်မြင့်ကပြောကြားသည်။

 

0113

 

မော်ဟန်ကျေးရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ CSR (ကျောက်မျက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ) ရန်ပုံငွေဖြင့် မော်ဟန်ကျေးရွာ၏အရှေ့ဘက် လေးတန်ချောင်းအနောက်ဘက်ကမ်း တစ်လျှောက်တွင် ကျောက်စီမြေထိန်းနံရံများပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း သြဂုတ် ၉ ရက်နေ့ညနှင့် ၁၀ရက်နေ့ နံနက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်ဟန်ကျေးရွာ အရှေ့ဘက်လေးတန်ချောင်းဘေးတွင် အဆိုပါ CSR ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ကွန်ကရစ်တာရိုးအမှတ်(၂)နေရာတွင် အလျားပေ(၄၀)ခန့်မြေသားပြိုကျခဲ့ပြီး အမှတ်(၂)ကွန်ကရစ်တာရိုး၏ အနောက်ဘက်တွင် အလျားပေ(၈၀)ခန့်အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့် ရာအိမ်မှူးများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့များ ရပ်မိရပ်ဖများက အနီးကပ်စောင့်ကြည့်လေ့လာကြပြီး ရေတိုက်စားမှုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီတိုး