သီပေါ  ၁၁  သြဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အမှတ်(၃)ရပ်ကွက် စိန်ကျောက်တောင် နှစ်ထပ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့နံနက် ၈ နာရီခန့်က လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး ကြီးကြပ်ကွပ်ကဲသော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်နိုင်မှုကြောင့် နံနက် ၈နာရီ ၂၀ မိနစ် အချိန်တွင် မီးလုံးဝငြိမ်းသွားပြီး အခြားပတ်ဝန်းကျင်များသို့ ကူးစက်လောင်ကျွမ်း ခြင်းမရှိကြောင်း သိရသည်။
စိုင်း(သီပေါ)