မင်းတုန်း ၁၁ သြဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဘူးတောင်းကျေးရွာ မင်းတုန်းမြို့နှင့် ပုသိမ်-မုံရွာလမ်း ဆက်သွယ်ရေး လမ်းဘေးတွင် ကိုယ်တိုင်စိုက်ပျိုးပြီး နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၄ နာရီထိ ပြောင်းဖူး၊ ပဲသီး၊ ကြက်ဟင်းခါးသီး၊ သခွားချဉ်၊ ရုံးပတီ၊ ဖရုံသီးနှင့် ဟင်းသီးဟင်းရွက်များအား အခင်းဘေးတွင် ရောင်းချကြရာ လမ်းသွားလမ်းလာများမှ လတ်လတ်ဆတ်ဆတ် ဝယ်ယူရရှိနိုင်ကြသည်။
ယခုကဲ့သို့ သီးနှံများရောင်းချကြရာတွင် အများကြီး ခူးဆွတ်ရောင်းချခြင်းမျိုး မဟုတ်ဘဲ စားသုံးသူများမှ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်စေရန် ရည်ရွယ်၍ အနည်းငယ်သာခူးဆွတ်ပြီး ကုန်မှသာ အခင်းထဲသို့သွား၍ ထပ်မံခူးဆွတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ချင်းကလေး(မင်းတုန်း)


