နေပြည်တော် ၁၁ ဩဂုတ်
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club)က စာရေးဆရာ သက်ဝေမှ တွေ့ဆုံမေးမြန်းထားသည့် “လူငယ်နှင့် အနာဂတ်ကို တည်ဆောက်ခြင်း” စာအုပ်စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမသည်။
စာဖတ်ဝိုင်းတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြစ်သော လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမောင်မောင်တာ (စာရေးဆရာ-သဘာဝ)က “စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် တွေ့ဆုံခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်နိုင်ဦး (အောင်မိုး-ပျဉ်းမနား)မှ “မောင်ဝံသနှင့် တွေ့ဆုံခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ခင်ငြိမ်းအေး (စာရေးဆရာမ-မေချို၊ ပျဉ်းမနား)မှ “ရွှေကူမေနှင်းနှင့် တွေ့ဆုံခြင်း” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဒေါ်သက်သက်နွယ်မှ “ကောင်းသန့်နှင့် တွေ့ဆုံခြင်း” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပေးသည်။
ယင်းနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် လူငယ်များက စာရေး ဆရာသက်ဝေမှ တွေ့ဆုံမေးမြန်းသည့် “လူငယ်နှင့် အနာဂတ်ကို တည်ဆောက်ခြင်း”စာအုပ်မှ မိမိတို့ ဖတ်သားထားသည့် အကြောင်းအရာများအား ပြန်လည်မျှဝေ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


