မိုးညှင်း ၁၁ သြဂုတ်
အာဟာရပြည့်ဝမျှတသည့် အစားအစာများ ပြင်ဆင်ချက်ပြုတ်ပြိုင်ပွဲနှင့် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုးညှင်းခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ကျော်မှ ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင် ဒုကျန်းမာရေးဦးစီးမှူး Dr မျိုးမျိုးဝင်းမှ အာဟာရရှေ့ဆောင် ရက်တစ်ထောင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား မူကြိုကလေးငယ်များအတွက် အာဟာရပြည့်ဝသော အချက်အပြုတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနားသို့ မိုးညှင်းခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မော်ဟန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ စုစုပေါင်းအင်အား (၁၀ဝ)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နီတိုး


